GALAXY ACE 4 SM-G313M ROOT ဖောက်နည်း



GALAXY ACE 4 SM-G313M ROOT ဖောက်နည်းကိုတော်တော်များများတော့တင်ပေးပြီးကြပါပြီ
မသိသေးလို့လာမေးထားတဲ့သူငယ်ချင်းအတွက်တင်ပေးရင်း အခြားမသိသူများလည်းလေ့လာနိုင်အောင် တင်ပေးလိုက်တာပါ
GALAXY ACE 4 SM-G313M ကို ROOT ဖောက်ဖို့အတွက် computer ဖြင့်လုပ်ဆောင်ရမှာဖြစ်ပါတယ် computer ဖြင့်လုပ်ဆောင်ရမှာဖြစ်လို့ မိမိရဲ့ computer မှာ Samsung Usb Driver ကို install ထားဖို့တော့လိုပါတယ် မရှိသေးရင် ဒီမှာ ဒေါင်းယူပြီး install ထားလိုက်ပါ
GALAXY ACE 4 SM-G313M ကို ROOT ဖောက်ဖို့အတွက်လိုအပ်တာလေးတွေအောက်မှာအရင်ဒေါင်းယူလိုက်ပါ
Odin 3.04 >>> DOWNLOAD
CWM FOR SM-G313M >>> DOWNLOAD
UPDATE-SuperSU-v2.01.zip >>> DOWNLOAD

အားလုံးပြည့်စုံသွားပြီဆိုရင်တော့ root ဖောက်ဖို့အတွက်စလို့ရပါပြီ 
ပထမအဆင့်နေနဲ့ CWM အရင်သွင်းရပါမယ်
ပထမဦးစွာ odin ကိုဖွင့်လိုက်ပါ

  
PDA ကိုကလစ်ပြီးဒေါင်းယူထားတဲ့ CWM ဖိုင်ကိုထည့်လိုက်ပါ


ဖုန်းကိုပါဝါပိတ်ပြီး download mode သို့ဝင်လိုက်ပါ 
download mode ၀င်ရန်ကီးမသိပါက volume down + home + power ကိုနှိပ်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် volume up ကိုနှိပ်ပေးပါ


 အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ download mode ကိုရောက်ပါပြီ





ဖုန်းနှင့် computer ကို USB ကြိုးဖြင့်ချိတ်ဆက်လိုက်ပါ အောက်ပါပုံအတိုင်း ID COM အကွက်လေးတွင် အပြာရောင်လေးလင်းလာပါက Start ကိုနှိပ်ပေးလိုက်ပါ


CWM ကို install လုပ်သွားပါလိမ့်မယ် အောက်ပါပုံအတိုင်း odin မှာ PASS ပြသွားပြီး ဖုန်း reboot ကျသွားပါလိမ့်မယ်


CWM သွင်းချင်းအဆင့်ပြီးဆုံးပါပြီ နောက်တစ်ဆင့်အနေနဲ့ UPDATE-SuperSU-v2.01.zip ကို SD Card ကနေ flash ပေးရမယ့်အဆင့်ဖြစ်ပါတယ်
ဒေါင်းလို့ရလာတဲ့ UPDATE-SuperSU-v2.01.zip ဖိုင်ကို memory card အလွတ်ထဲသို့ထည့်ပြီး memory card ကိုဖုန်းထဲထည့်လိုက်ပါ
ပြီးလျှင်ဖုန်းကိုပါဝါပိတ်ပြီး volume up + home + power ကိုတစ်ပြိုင်တည်းခပ်ကြာကြာလေးဖိနှိပ်ထားပြီး cwm recovery mode သို့ဝင်လိုက်ပါ အောက်ပါပုံအတိုင်းပေါ်လာရင် cwm recovery mode သို့ရောက်ပါပြီ


Volume down ဖြင့် install zip ကိုသွားပြီး power key ကိုနှိပ်ပြီး select ပေးလိုက်ပါ


Volume down ဖြင့် Choose zip from/stroage/Sdcard1 ကိုသွားပြီး power key ကိုနှိပ်ပြီး select ပေးလိုက်ပါ

Volume down ဖြင့် UPDATE-SuperSU-v2.01.zip ကိုသွားပြီး power key ကိုနှိပ်ပြီး select ပေးလိုက်ပါ


Volume down ဖြင့် Yes-Install UPDATE-SuperSU-v2.01.zip ကိုသွားပြီး power key ကိုနှိပ်ပြီး select ပေးလိုက်ပါ


Install from sdcard complete. ဖြစ်သွားပြီဆိုရင်တော့ reboot system now ကိုပြန်သွားပြီးဖုန်းကို reboot ချပေးလိုက်ပါ


ပြန်တက်လာပြီဆိုရင်တော့ဖုန်းမှာ SuperSU လေးတက်နေပြီး root ဖောက်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ



အားလုံးအဆင်ပြေကြပါစေ 
                                   အရံလူ



Comments

  1. sm-j700f ကို root လုပ်နည်းလေးတင်ပေးပါအုံးဆရာ

    ReplyDelete

Post a Comment

Popular posts from this blog

Bagan Keyboard 5.9 Full Version (Cracked)

I MOBILE FIRMWARE များစုစည်းမှု

X-BO X8 MT6580 FIRMWARE