Huawei G750-U10 မှာမြန်မာဖောင့်ထည့်နည်း

Huawei G750-U10 မှာမြန်မာဖောင့်ထည့်နည်း
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
Huawei G750-U10 မှာ font changer တွေလဲစုံနေပြီ မြန်မာစာလုံးဝမပေါ်ဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေမယ့်နည်းလေးမျှဝေပေးလိုက်တာပါ
သိပြီးသားသူများကတော့ကျော်သွားနိုင်ပါတယ်
တကယ်တော့ ကျွန်တော် G750-U10 ကိုခုထိမြန်မာဖောင့်တစ်ခါမှမထည့်ဘူးသေးဘူးဆိုတာ အရင်ဆုံးဝန်ခံပါတယ်
Chat box မှာသူငယ်ချင်းတစ်ယောက်လာအကူအညီတောင်းလို့ အကြံပေးကြည့်တာ အဆင်ပြေသွားတာနဲ့ ဤနည်းလေးကို post တင်ဖြစ်သွားတာပါ
ကျွန်တော်အရင်တုန်းကဤနည်းလေးကိုပဲ G730 ကိုမြန်မာဖောင့်ထည့်နည်းအဖြစ်တင်ပေးဖူးပါတယ် ခု G750 မှာလည်းအဆင်ပြေတာနဲ့ G730 မှာတုန်းကမတွေ့လိုက်သေးသူများအတွက်လည်းရည်ရွယ်၍ ထပ်မံတင်ပေးလိုက်ပါတယ်
ကဲ G750-U10 ကိုမြန်မာဖောင့်ထည့်ချင်းစလိုက်ကြရအောင် G750-U10 ကိုမြန်မာဖောင့်ထည့်ဖို့အတွက် G730 font changer နဲ့ root explorer လိုအပ်ပါတယ်မရှိသေးရင် အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ

G730 MM Font Changer >>> https://www.dropbox.com/s/u1mn09dvjqnxrty/Huawei%20G730%20MM%20Font.apk?dl=0
Root Explorer >>> https://www.dropbox.com/s/to192bywnpolf7y/RootExplorer.apk?dl=0
ဒေါင်းလို့ပြီးသွားရင်တော့ ပထမဦးစွာ G730 MM Font Changer ကိုအသုံးပြုပြီးဖောင့်ထည့်ကြည့်လိုက်ပါ ဖုန်းမှာ root ဖောက်ထားဖို့တော့လိုအပ်ပါတယ် G730 MM Font Changer နဲ့ဖောင့်ထည့်ပြီး ဖုန်း restart ကျပြီးပြန်တက်လာရုံနဲ့တော့ ဖုန်းမှာမြန်မာစာလုံးဝပေါ်မှာမဟုတ်သေးပါဘူး
restart ကျပြီးပြန်တက်လာရင် root explorer ကိုဖွင့်ပြီးဝင်လိုက်ပါ အောက်ပါအတိုင်းအဆင့်ဆင့်ဝင်သွားပါ
root explorer >>> system >>> fonts သို့ဝင်လိုက်ပါ fonts သို့ရောက်လျှင် အပေါ်ဆုံးမှာပေါ်နေတဲ့ Mount R/W ကို Mount R/O ပြောင်းပါ ပြီးလျှင် padauk.ttf ကိုရှာပါ တွေ့ပြီဆိုလျှင် padauk.ttf ကိုခပ်ကြာကြာလေးဖိထားပါ ပေါ်လာတဲ့စာများထဲမှ permissions ကိုနှိပ်ပါ ပေါ်လာတဲ့အကွက်များထဲမှ အပေါ်က ၉ကွက်ကိုအမှန်ချစ်ပြီး OK ပေးလိုက်ပါ ပြီးလျှင် ဖုန်းကို restart ချလိုက်ပါ ပြီးပါပြီ restart ကျပြီးပြန်တက်လာလျှင် ဖုန်းမှာမြန်မာစာမှန်ကန်စွာအဆင်ပြေသွားပါပြီခင်ဗျာ
အားလုံးပြီးသွားလို့ restart ချပြီးပြန်တက်လာတော့မြန်မာစာတော့ပေါ်သွားပါပြီ ဒါပေမယ့် အဝိုင်းတွေခံနေသေးတယ်ဆိုလျှင်တော့ G730 MM Font Changer ကိုနောက်တစ်ကြိမ်ထပ်ကစ်ပေးလိုက်ပါ restart ကျပြီးပြန်တက်လာတာနဲ့ အဝိုင်းတွေခံမနေတော့ပါဘူး အားလုံးအဆင်ပြေသွားပါပြီခင်ဗျာ
အားလုံးအဆင်ပြေကြပါစေ

Comments

Popular posts from this blog

Bagan Keyboard 5.9 Full Version (Cracked)

I MOBILE FIRMWARE များစုစည်းမှု

X-BO X8 MT6580 FIRMWARE