Huawei Honor Holly Hol-U19 Version 4.4.2 ကိုမြန်​မာစာမှန်​​အောင်​နှင့်​ယပင့်​မကပ်​​အောင်​ မြန်​မာ​ဖောင့်​ထည့်​နည်း



ဒီ​နေ့ကျွန်​​တော်​တင်​​ပေးသွားမှာက​တော့ Huawei က​နေသိပ်​မကြာ​သေးခင်​ကမှ ​ဈေးကွက်​ထဲစတင်​​ရောက်​လာပြီး ​ဈေးနှုန်းလည်းအသင့်​အတင့်​ရှိလို့ လူသုံးများစပြုလာတဲ့ Huawei Honor Hol-U19 version 4.4.2 ကို မြန်​မာ​ဖောင့်​ထည့်​နည်းကိုတင်​​ပေးသွားပါမယ်
Honor Hol-U19 ကို​​ဖောင့်​ထည့်​ရင်​ myanmar font changer ​တွေသုံးပြီး​ဖောင့်​ထည့်​တဲ့အခါ မြန်​မာစာမှန်​သွား​သော်​လည်း ယပင့်​ကပ်​​နေတာကိုကြုံ​တွေ့ကြရမှာပါ အခြား​သော version 4.4.2 ရှိတဲ့ဖုန်း​တွေထက်​ကို သိသိသာသာ​လေးပိုကပ်​တာ​တွေ့ရပါတယ်​ ဒီနည်းလမ်း​လေးမှာ​တော့ ထိုယပင့်ကပ်တာကို လုံးဝအဆင်ပြေသွားအောင်ဖြေရှင်းပေးထားပါတယ်
ကဲစလိုက်ကြရအောင်
ပထမဦးစွာ မြန်​မာ​ဖောင့်​ထည့်​​တော့မယ်​ဆိုရင်​ ဖုန်းကို root ​ဖောက်​ထားဖို့လိုပါတယ်
Root ​ဖောက်​ဖို့က​တော့ iRoot PC Tool နဲ့​ဖောက်​ပါရပါတယ်​ မရှိရင်​​တော့ဒီမှာ​ဒေါင်းယူလိုက်​ပါ
Root Access ရရှိသွားပြီဆိုရင်​​တော့ မြန်​မာ​ဖောင့်​ထည့်​ဖို့အတွက်​​အောက်​ပါ​လေး​တွေလိုအပ်​ပါတယ်​ ​ဒေါင်းယူလိုက်​ပါ
Busy Box
Font Changer Lite
 အားလုံးအဆင်​သင့်​ဖြစ်​ပြီဆိုရင်​​တော့ အရင်​ဆုံး busy box ကိုဝင်​လိုက်​ပါ install ကိုနှိပ်​​ပေးပြီးခဏ​စောင့်​​နေလိုက်​ပါ install ပြီးသွားပြီဆိုရင်​ ပြန်​ထွက်​လိုက်​ပါ
Font Changer Lite ကိုဝင်​လိုက်​ပါ refreshing လုပ်​​နေပါလိမ့်​မယ်​ ခဏ​စောင့်​​ပေးလိုက်​ပါ ပြီးသွားပြီဆိုရင်​ပြန်​ထွက်​လိုက်​ပါ
Root Explorer ထဲသို့ဝင်​ပါ ​ဒေါင်းယူထားတဲ့ Zawgyi One 2008.ttf ကိုရှာပြီး copy ယူလိုက်​ပါ ပြီးလျှင်​ sd card သို့သွားပြီး font changer folder ကိုရှာလိုက်​ပါ ​တွေ့ပြီဆိုလျှင်​ font changer folder ထဲမှာ copy ယူလာတဲ့ Zawgyi One 2008.ttf ​ဖောင့်​ကို pasete ချ​ပေးလိုက်​ပါ ပြီးရင်​ပြန်​ထွက်​လိုက်​ပါ
Font Changer Lite ထဲသို့ပြန်​ဝင်​ပါ refreshing လုပ်​​နေတာကိုခဏ​စောင့်​လိုက်​ပါ ပြီးသွားရင်​ Zawgyi One 2008.ttf ​ဖောင့်​ကို​တွေ့ပါလိမ့်​မယ်​ Zawgyi One 2008.ttf ​ဖောင့်​ကိုနှိပ်​​ပေးလိုက်​ပါ box တစ်​ခုတက်​လာပါလိမ့်​မယ်​ တက်​လာတဲ့ box က apply ကိုနှိပ်​​ပေးပြီးခဏ​စောင့်​​နေလိုက်​ပါ ​ဖောင့်​ကိုထည့်​သွင်း​နေပါလိမ့်​မယ်​ ပြီးသွားရင်​ box တစ်​ခုတက်​လာပါလိမ့်​မယ်​ reboot now ကိုနှိပ်​​ပေးလိုက်​ပါ reboot ကျသွားပါလိမ့်မယ်
ပြန်တက်လာပြီဆိုရင်တော့မြန်မာစာရပါပြီ ဒါပေမယ့် Youtube နဲ့ Facebook မြန်မာနာမည်တွေမှာစာမမှန်သေးပါဘူး နောက်တစ်ဆင့်ဆက်လုပ်ရပါမယ်
Font Changer Lite ထဲသို့ပြန်ဝင်ပါ Advanced ကိုနှိပ်ပါ Padauk-book.ttf ကိုရှာပြီးနှိပ်လိုက်ပါ ပေါ်လာတဲ့ Zawgyi One 2008.ttf ကိုနှိပ်ပါ apply ကိုနှိပ်ပြီးခဏစောင့်ပါ တက်လာတဲ့ box က reboot later ကိုနှိပ်ပါ
Padauk-bookbold.ttf ကိုရှာပြီးနှိပ်လိုက်ပါ ပေါ်လာတဲ့ Zawgyi One 2008.ttf ကိုနှိပ်ပါ apply ကိုနှိပ်ပြီးခဏစောင့်ပါ တက်လာတဲ့ box က reboot now ကိုနှိပ်လိုက်ပါ
ဖုန်း reboot ကျသွားပြီပြန်​တက်​လာပြီဆိုလျှင်​​တော့ Facebook မြန်မာနာမည်နှင့် Youtube မှာပါမြန်​မာစာမှန်​ကန်​​နေပြီး ယပင့်​လည်းမကပ်​​ပဲ လုံးဝကိုအဆင်​​ပြေသွားပါပြီခင်​ဗျာ






Zawgyi One 2008.ttf ကို​ရေး​ပေးခဲ့သူ ကိုအောင်သူရ နဲ့ သက်​ဆိုင်​ရာ software developer အားလုံးကို credit ​ပေးပါတယ်


အားလုံးအဆင်​​ပြေကြပါ​စေ
                                      အရံလူ


Comments

  1. Huawei Honor Holly Hol-U19 Version 4.4.2 ကိုမြန်​မာစာမှန်​​အောင်​နှင့်​ယပင့်​မကပ်​​အောင်​ မြန်​မာ​ဖောင့်​ထည့်​နည်း >>>>> Download Now

    >>>>> Download Full

    Huawei Honor Holly Hol-U19 Version 4.4.2 ကိုမြန်​မာစာမှန်​​အောင်​နှင့်​ယပင့်​မကပ်​​အောင်​ မြန်​မာ​ဖောင့်​ထည့်​နည်း >>>>> Download LINK

    >>>>> Download Now

    Huawei Honor Holly Hol-U19 Version 4.4.2 ကိုမြန်​မာစာမှန်​​အောင်​နှင့်​ယပင့်​မကပ်​​အောင်​ မြန်​မာ​ဖောင့်​ထည့်​နည်း >>>>> Download Full

    >>>>> Download LINK 3e

    ReplyDelete

Post a Comment

Popular posts from this blog

Bagan Keyboard 5.9 Full Version (Cracked)

I MOBILE FIRMWARE များစုစည်းမှု

X-BO X8 MT6580 FIRMWARE